သရက်ချောင်း ဇွန် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူးနေမင်းစိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူးနေမင်းစိုးက မူးယစ်ဆေးဝါးအန္တရာယ်က တိုင်းပြည်၏ အနာဂတ်ကို ကြီးမားတဲ့ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုဖြစ်တာကြောင့် ကျောင်းသား၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးရဲ့အန္တရာယ်ကို သိရှိနားလည်ရှောင်ရှားတတ်ရန်၊ ကျောင်းသား၊ လူငယ်များ မူးယစ်ဆေးစွဲစေသည့် အဓိကအကြောင်း အရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန်းခလိုက်ရှုက စာဖတ်ရှိန်မြှင့်မားရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးကို အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)