ညောင်တုန်း ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့် မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးစိုးကြည်တို့က မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေး စတင်စွဲလန်းရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးစွဲသူများ၏ လက္ခဏာများ၊ လူငယ်များအနေဖြင့် မူးယစ်ဆေး၏ ဆေးကျိုးများကြောင့် လူညွန့်တုံးခဲ့ရသည့် သာဓကများနှင့် မူးယစ်ဆေးဝါး မသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)