ဒေးဒရဲ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနက ကျေးရွာနေပြည်သူများကို ဆေးဝါးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနက ဒေါ်နန့်တင်တင်အေး ဦးဆောင်သောအဖွဲ့မှ ညောင်တပင်ကျေးရွာ၊ ကုန်းတန်းကလေးကျေးရွာနှင့် သဲကုန်းကျေးရွာများရှိ ပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လိုအပ်သော တိုင်းရင်းဆေးဝါးများအား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးလုပ်ငန်းများအဖြစ် မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ၊ တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေး ဆောင်ရန် ရှောင်ရန်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း