တောင်ငူ ဇွန် ၂၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးမှုး၍ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကျုံးပတ်လမ်း၌ ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပသည်။
ထိုသို့ကျင်းပရာ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပိတောက်၊ တမလန်း၊ ပန်းတမာ၊ စိန်ပန်းပြာ၊ ခရေ၊ မယ်ဇလီ၊ မဟော်ဂနီ၊ ပျဉ်းမ အစရှိသည့် အရိပ်ရ သစ်မျိုး ၁၁ မျိုး အပင် ၃၃၀ ကို စုပေါင်းစိုက်ပျိုးကြသည်။
တောင်ငူ၌ မိုးရာသီကာလအတွင်း ပျိုးပင်များ စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာန၏ ကန်ရိုးအမြဲတမ်းပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်ပေါင်း ၇၅၀၀၀ စိုက်ပျိုးထားရှိပြီး ပျိုးပင်များ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ခရိုင် ပြန်/ဆက်