မအူပင်ခရိုင်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

မအူပင်ဇွန်၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေး အသိပညာ‌ပေးTalk Showကို ယမန်နေ့မွန်းလွဲ၃နာရီကကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး ခရိုင်စာသုံးသူရေးရာဦးစီးဌာန မှ ဒု -ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးအတွက် ပြဌာန်းထားသည့်စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များဥပဒေများ၊ ညွှန်ကြားချက်များ၊ စားသုံးသူပြည်သူများ သတိပြုလိုက်နာ ရမည့်အချက်များစသည့် စားသုံးသူကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မအူပင်ခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Pageတွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 မအူပင်(ပြန်/ဆက်)