ပြင်စလူမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ပြင်စလူ   ဇွန်   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြေရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  ယနေ့နံနက် ၁၁ နာရီ အချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြင်စလူမြို့ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အိအိမွန်က ကိုဗစ်-၁၉ ရောဂါကူးစက်နေမှုကာလအတွင်း Online မှတစ်ဆင့် ပြည်သူလူထု အားအသိပညာပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး အန္တရယ်နှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ရာပြင်စလူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ရဲဝင့်ထွန်းက မူးယစ် ဆေးဝါး အန္တရာယ်တား ဆီးကာကွယ်ရတဲ့ ရည်ရွယ်ချက်များကို လည်းကောင်း၊ ပြင်စလူမြို့ နယ်မြေစခန်းမှူးရဲအုပ်အေးမင်းထွဋ်က မူးယစ်ဆေးဝါး အမျိုးအစား၊ စိတ်ကိုပြောင်းလဲစေသောဆေးဝါး ထိန်းချုပ်ဓာတုဗေဒ အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံး စွဲပါက ဆိုးကျိုးများနှင့် ပြစ်မှုနှင့်ပြစ်ဒဏ် များကိုလည်းကောင်း အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့ပြန်/ဆက်)