ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအားလူမှုရေးပင်စင်များထောက်ပံ့

ဘုတ်ပြင်း   ဇွန်  ၁၇  

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊  လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမျာပူးပေါင်း၍ အိမ်တိုင်ရာရောက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်း နှုန်းဖြင့် (၃)လစာ ကျပ်သုံးသောင်းတိတိကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

ဘုတ်ပြင်းမြို့နယ်တွင် အဖိုး (၃၇)ဦး၊ အဖွား(၇၇)ဦး၊ စုစုပေါင်း (၁၁၄)ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၃,၄၂၀,၀၀၀)သိန်း ကျပ် (သုံးဆယ်လေးသိန်းနှစ်သောင်း) တိတိကို ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။

မြို့နယ်ပြန်ဆက်