ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ဟင်္သာတ  ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီက မြို့နယ်အတွင်းရှိ စာစစ်ဋ္ဌာနများအလိုက် ထုတ်ပြန်ကြေညာခဲ့သည်။

ဟင်္သာတမြို့နယ်တွင် စာစစ်ဋ္ဌာန ၁၃ ခု ဖွင့်လှစ် ကျင်းပခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ ၂၄၉၅ ဦးရှိကာ ယနေ့ ထုတ်ပြန်သော အောင်စာရင်းများအရ  အောင်မြင်သူဦးရေ ၁၄၂၄ ဦးဖြစ်၍ အောင်ချက် ရာနှုန်း ၅၇.၀၇ ရာနှူန်း ရှိကြောင်း မြို့နယ်အတွင်း ၆ဘာသာ ဂုဏ်ထူးရ (၅)ဦး ၊ ၅ ဘာသာဂုဏ်ထူးရ(၈) ဦးရှိကြောင်း မြို့နယ် ပညာရေးမှူး ဦးလှမြင့်ထံက သိရသည်။

ကိုဇော် - ဟင်္သာတ