မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအား နံရံကပ်ဘုတ်ပြသ

မြဝတီ၊ စက်တင်ဘာ ၈

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်စာဌားစာဖတ်လာရောက်ကြသူများအ‌နေဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို သိရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ နံရံကပ်ပြဘုတ်ဖြင့် ပြသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပြသထားသည့် နံရံကပ်ပြဘုတ်တွင် အသက် (၁၄) နှစ် မပြည့်သေးသောသူများကို အလုပ်လုပ်ခွင့်မပြုခြင်း၊အလုပ် ခန့်သည့်ကလေးငယ်များသည် အသက် (၁၄) နှစ်ပြည့်သူဖြစ်ရခြင်း၊ အလုပ်လုပ်သောကလေးများအနေဖြင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာဆက်သင်ရန်တိုက်တွန်းပြီး စီစဉ်ပေးခြင်း၊ ကလေးများအားအကြမ်းဖက်ခံရမှုမှ အကာ အကွယ်ပေးခြင်း၊ ကျန်းမာရေးနှင့်စာရိတ္တထိခိုက်ပြီး ဘေးကင်းမှုမရှိသောအန္တရာယ်ရှိသည့်လုပ်ငန်းခွင်တွင် ကလေးငယ်များကိုအလုပ်မခိုင်းစေခြင်း၊ အလုပ်လုပ်သောကလေးများအား သင့်လျော်သလိုနားနေရန်စီစဉ်ပေးခြင်းနှင့် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာသိမှတ်ဖွယ်ရာများပါဝင်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်