တမူးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

တမူး ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ဟဲဇင်းကျေးရွာ၊ စည်သာဘုန်းတော်ကြီးကျောင်းတိုက်၊ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ကြည် ကကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဌာနဆိုင်ရာများအနေဖြင့် ကူညီဆောင်ရွက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယခုလိုကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများကလည်း မိမိတို့ဒေသအတွင်းရှိ လိုအပ်ချက်များကိုလည်း တင်ပြဆွေးနွေးကြရန်တို့ကို အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများက မိမိတို့​ကျေးရွာလိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဟဲဇင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက်ရှိ ကျောင်းသား/ ကျောင်းသူများ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရတနာ