ထန်းတပင်(ပဲခူး) ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အကြိုအဖြစ် ယနေ့နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သဇင်က မူးယစ်ဆေးဝါးသည် နေရာဒေသတိုင်းမှာ ရောက်ရှိနေပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာများတွင် ဆိုးကျိုးကိုသာပေးသည့်အတွက် အသိ၊ သတိ ရှိဖို့ လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ကျောင်းသား/ကျောင်းသူလူငယ်များသိရှိပြီး မူးယစ် ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင် နားလည်သိမြင်ပြီး ရှောင်ရှား တတ်စေရေး၊ မူးယစ်ဆေးဝါး သုံးစွဲလာရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးသုံးစွဲလျှင် ဖြစ်တတ်သော အန္တရာယ်နှင့်လက္ခဏာများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများတွင် တွေ့ရသော အမူအကျင့်နှင့်အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူလူငယ်များက မူးယစ်ဆေးဝါးအန္တရာယ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ များကပြည်သူ့ စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)