ရေနံချောင်း ဇွန် ၁၇
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ထုတ်ပြန်ကြေညာခဲ့ရာ ရေနံချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၄၂.၉၁ ရာခိုင်နှုန်းရှိပြီး ဘာသာစုံဂုဏ်ရှင်တစ်ဦး ထွက်ပေါ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရေနံချောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ဝင်ရောက်ဖြေဆိုသူ ၁၀၂၃ ဦးရှိခဲ့ပြီး အောင်မြင်သူ ၄၃၉ ဦးရှိရာ အောင်ချက်ရာခိုင်နှုန်း ၄၂.၉၁ ရှိကြောင်းသိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ကျောင်းသူတစ်ဦးထွက်ပေါ်ခဲ့ပြီး လေးဘာသာဂုဏ်ထူးရှင် ၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၆ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ တစ်ဘာသာဂုဏ်ထူး ရှင် ၁၁၆ ဦးရှိကြောင်းသိရသည်။
ရေနံချောင်းမြို့နယ်၌ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း ၃၀.၁၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စာမေးပွဲကျင်းပနိုင်ခြင်းမရှိကြောင်းနှင့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း ၄၂.၉၁ ရာခိုင်နှုန်းရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးစာရင်းများအရ သိရသည်။
မြို့နယ်ပြန်/ဆက်