သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ဆောင်ရွက်

ကျောက်တံခါး ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်‌အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူး‌ပေါင်း၍ ယနေ့နံနက်ပိုင်းက ကျောက်တံခါးမြို့ပေါ် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးကြိုကာလ‌သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ရေစည်၊ ရေပုံးများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်များ ‌ပေါက်ဖွားမှုမရှိစေရေးအတွက် အိမ်တိုင်းတွင်ထားရှိသော ဘုရားပန်းအိုးများ၊ မိုးရေများတင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးဟောင်းများနှင့် ဘူးခွံများတွင် ရေများတာရှည်စွာမထားနိုင်ရေး ဆောင်ရွက်ပေးကြပါရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)