မုံရွာ ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး သည် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက် (၉) နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး အဆိုပါရုံးဝန်း အတွင်းတွင် ဖွင့်လှစ်ထားရှိသော ထရိုင်ဂိုးဂရားမား ဥကပ်ပါးနဂျီမွေးမြူရေး ဓါတ်ခွဲခန်းပြပွဲ နှင့်မှိုမျိုးစုံ၊ မျိုးစေ့နှင့် စိုက်ထုပ်သုတေ သနပြု စမ်းသပ်ခန်း ပြပွဲသို့တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့်အဖွဲ့သည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့်တို့က ဓါတုပိုးသတ်ဆေး သုံးစွဲမှုလျှော့ချနိုင်စေရန် သီးနှံစိုက်ခင်းများတွင် သဘာဝ မိတ်ဆွေပိုးများ ပွားများ လာစေရန်၊ သီးနှံများတွင် ဓါတုဓါတ်ကြွင်း အာနိသင်ပါဝင်မှု လျော့ချ၍ ဘေးကင်းသော စားသုံးသီးနှံများရရှိရန်၊ ဇီဝနည်းဖြင့် ဖျက်ပိုးကာကွယ်နှိမ်နှင်းခြင်း၊ ဥကပ်ပါးနဂျီအား အသုံးပြုခြင်းဖြင့် (IPM) ကို ရေရှည်ကျင့်သုံးရန်၊ တစ်ဧကကုန်ကျစရိတ် လျော့နည်းစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းစေရန်တို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားရှိ သော ထရိုင်ဂိုးဂရားမားဥကပ်ပါးနဂျီ မွေးမြူရေးဓါတ်ခွဲခန်းပြပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်းပြီး အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြခန်းအတွင်း ထရိုင်ဂိုးဂရားမား ကပ်ပါးနဂျီ မွေးမြူခြင်း၊ ထရိုင်ဂိုးဂရားမား ဥကပ်ပါးနဂျီ၏ ဖွံ့ဖြိုးမှုအဆင့်၊ ထရိုင်ဂိုးဂရားမား နဂျီ၏ ဖျက်ပိုး နှိမ်နှင်းမှု လုပ်ငန်းများ၊ ဥကပ်ပါးနဂျီအသုံးပြုခြင်း၏ အကျိုးကျေးဇူးများ၊ ဆန်ထွေးပိုး၏ ဘဝစက်ဝန်း၊ ဆန်ထွေးပိုး မွေးမြူခြင်း လုပ်ငန်းစဉ်များ၊ ဆန်ထွေးပိုး အထီး၊ အမ ခွဲခြားခြင်း တို့အား လှည့်လည်ကြည့်ရှုပြီး အဆိုပါလုပ်ငန်းများနှင့်ပတ်သက်ပြီး လိုအပ်ချက်များကို တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး မှိုမျိုးစုံ၊ မျိုးစေ့နှင့် စိုက်ထုတ်သုတေသနပြု စမ်းသပ်ခန်း ပြခန်းသို့ရောက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မှိုမျိုးစုံ၊ မျိုးစေ့နှင့် စိုက်ထုပ်သုတေသနပြုပြခန်း ပညာရှင်များက နေရာကျဉ်းကျဉ်းအတွင်း အချိန်တိုတိုဖြင့် သင့်တော်သော အရင်းအနှီးဖြင့် အကျိုးအမြတ် ရရှိစေရန်နှင့် လယ်ယာစက်ရုံ၊ အလုပ်ရုံ ဘေးထွက် ပစ္စည်းများကို အသုံးပြု၍ မိသားစု အပိုဝင်ငွေရရှိစေရန် ရည်ရွယ်ချက်ဖြင့် ငွေနှင်းမှို စိုက်ထုပ် ပြုလုပ်နည်း၊ တစ်ရှူးအသားယူ၍ မျိုးပွားနည်းနှင့် မှိုးစိုက်ထုပ်အတွင်းသို့ မျိုးသွင်းနည်းများကို ရှင်းလင်းသရုပ်ပြ ဆောင်ရွက်မှု များအားလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များအတွက် စိုက်ပျိုး ထားသော Home Garden အတွင်းရှိ ခရမ်း၊ ငရုတ်၊ ချဉ်ပေါင်၊ ဆူးပုတ်သေး၊ ဆူးပုတ်ကြီး၊ ပြည်ပန်းညို၊ သံပုရာ၊ ဂွေးတောက်၊ ရှားစောင်းလပတ် စသည့် သီးပင်၊ စားပင်မျိုးစုံ (၂၀)မျိုး တို့အား ကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုဖွင့်လှစ်ထားတဲ့ ထရိုင်ဂိုးဂရားမားဥကပ်ပါး နဂျီမွေးမြူရေးဓါတ်ခွဲခန်းမှ ထွက်ရှိလာသော ဥကပ်နဂျီများကို ဒေသခံ တောင်သူတို့၏ မိုးလယ်သီးနှံစိုက်ခင်း (၂၀၀) ဧကသို့ ဆက်လက်လွှတ်ပေး သွားမည်ဖြစ်ကြောင်းနှင့် မိုးနှောင်း သီးနှံစိုက်ခင်းများကိုလည်း တောင်သူများ အနေဖြင့် ကိုယ်တိုင်စိုက်ခင်းထဲသို့ လွှတ်နိုင်အောင် ပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးဦးစီးဌာနမှူးက ပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)