ကျောက်ကြီး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းအစီအစဉ်ကို နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏စီမံမှုဖြင့် ကျောက်ကြီးမြို့ပေါ် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများလက်သို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ မြို့ပေါ် (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၄)အုပ်စုတွင် အသက်(၈၅)အထက် အဘိုး(၁၈၉)ဦး၊ အသက်(၈၅) အထက် အဘွား(၃၃၉)ဦး စုစုပေါင်း အဘိုးအဘွား (၅၂၈)ဦးရှိပြီး အဆိုပါအသက်ကြီးဘိုးဘွားများအား ၂၀၂၁-၂၀၂၂ ခုနှစ် (ဧပြီလ၊ မေလ၊ ဇွန်လ) (ပထမ) (၃) လပတ်အတွက် လူမှုရေးပင်စင် အဘိုးအဘွားတစ်ဦးလျှင် တစ်လ (၃)သောင်း ကျပ်နှုန်းဖြင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်မှူးများ၊ စာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက အိမ်အရောက် လိုက်လံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်