မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ

ညောင်လေးပင် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကိုယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ပြည်သူများ၊ ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များသိရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးအတွက် အသိပညာပေး Talk Show ကိုဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ရှင်းလင်း ဆွေးနွေး ခဲ့သည်။ ဆက်လက်၍ ဝန်ထမ်းများမှ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအုပ်စု(၅)မျိုး၊ မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံး၏ အဓိကရန်သူဖြစ်ကြောင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းတွင် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကြဖို့လိုကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နီနီဝင်း