၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ရေကြည်မြို့နယ်၊ အ-ထ-က၊ ငါးသိုင်းချောင်း စာစစ်ဌာနမှ (၆)ဘာသာဂုဏ်ထူးရှင်များ၏ ရင်တွင်းစကားသံများ

ငါးသိုင်းချောင်း ဇွန် ၁၇

“တစ်နေ့စာသင်ကြားမှု၊ သင်ယူမှု၊ လေ့လာကျက်မှတ်မှုကို အကြွေးမထားဘဲ ပုံမှန်ဆောင်ရွက်ပါ''

မောင်ကောင်းစည်သူဟိန်း

 (၆)ဘာသာဂုဏ်ထူးရှင်(သိပ္ပံဘာသာတွဲ)

“ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပညာလေ့လာသင်ကြားမှုကို မရပ်တန့်လိုက်ပါနှင့်''

မလှရူပါအောင်

(၆)ဘာသာဂုဏ်ထူးရှင်(သိပ္ပံဘာသာတွဲ)

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ ဇွန်လ ၁၇ ရက်နေ့၌ သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်း သိပ္ပံဘာသာတွဲအဆင့်(၁)၊ မြန်မာတစ်နိုင်ငံလုံးအဆင့် (၁၂)ရရှိသည့် အ-ထ-က ငါးသိုင်းချောင်း၊ စာစစ်ဌာနမှ (၆)ဘာသာဂုဏ်ထူးရှင် မောင်ကောင်းစည်သူဟိန်း၏ ရင်တွင်း စကားသံများကို ယခုလိုကြားသိခဲ့ရပါသည်။

မေး- သားရဲ့အမည်၊ စာစစ်ဌာန၊ ခုံနံပါတ်နဲ့ ဂုဏ်ထူးရရှိမှုတို့ကို ပြောပြပေးပါ။

ဖြေ- ကျွန်တော်ကတော့ မောင်ကောင်းစည်သူဟိန်းဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရေကြည်မြို့နယ်၊ အ-ထ-က၊ ငါးသိုင်းချောင်း စာစစ်ဌာနမှ (၆)ဘာသာဂုဏ်ထူး(သိပ္ပံဘာသာတွဲ)၊ ခုံနံပါတ် အရဏ-၁၂၊ ရမှတ်ပေါင်း(၅၄၈)မှတ်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ မြန်မာတစ်နိုင်ငံလုံးအဆင့်(၁၂)ရရှိခဲ့ပါတယ်။

မေး- ဂုဏ်ထူများဖြင့် အောင်မြင်မှုရရှိအောင် ကြိုးစားခဲ့ပုံကို ပြောပြပေးပါ။

ဖြေ- ပညာသင်နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ အ‌ခြေအနေကြောင့် ကျောင်းများ ယာယီပိတ်ထား သော်လည်း ပညာလေ့လာသင်ယူမှုကို မရပ်တံ့ခဲ့ပါဘူး။ ဘာသာရပ်အလိုက် လေ့လာသင်ယူမှုကို နေ့စဉ်ပုံမှန်ဆောင်ရွက်ခဲ့ပါတယ်။ နားမလည်သည့် ဘာသာရပ်တွေကိုလည်း ဆရာ၊ ဆရာမ များထံ ဆက်သွယ်မေးမြန်း သင်ယူခဲ့ပါတယ်။

မေး- အနာဂတ်အတွက် ရည်မှန်းချက်ကို ပြောပြပေးစေလိုပါတယ်။

ဖြေ- ဆေးတက္ကသိုလ်တက်ရောက်ပြီး တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုနိုင်မည့် ဆရာဝန် ကောင်းတစ်ယောက်ဖြစ် အောင် ဆက်လက်ကြိုးစားသွားပါမယ်။ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ယခုလိုထူးချွန်အောင်မြင်အောင် ပညာ သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများကို ကျေးဇူအထူးတင်ရှိပါတယ်။

မေး- မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို အကြံပြုတိုက်တွန်းချက် ပြောကြားပေး စေလိုပါတယ်။

ဖြေ- တစ်နေ့တာ သင်ကြားမှု‌တွေကို အကြွေးမထားဘဲ လေ့လာ၊ သင်ယူ၊ ကျက်မှတ်ခြင်း အားဖြင့် ကျွန်တော့်လို ကျောင်းအတွက်၊ နိုင်ငံအတွက် ဂုဏ်ယူအားထားရတဲ့ ထူးချွန်တဲ့‌လူငယ်လေးများဖြစ်ပေါ်လာစေမှာဖြစ်ပါကြောင်း အကြံပြုတိုက်တွန်းလိုပါတယ်။

မေး- အမည်၊ စာစစ်ဌာန၊ ခုံနံပါတ်နှင့် ဂုဏ်ထူးရရှိမှုအခြေအနေကို ပြောပြပေးစေလိုပါတယ်။

ဖြေ- သမီးကတော့ မလှရူပါအောင်ဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အ-ထ-က၊ ငါးသိုင်းချောင်း စာစစ်ဌာနမှ (သိပ္ပံဘာသာတွဲ)၊ ခုံနံပါတ် အရဏ-၁၆ ဖြင့် (၆)ဘာသာဂုဏ်ထူး ရရှိအောင်မြင်ခဲ့ပါတယ်။

မေး- သမီးရဲ့အနာဂတ် ရည်မှန်းချက်ကို ပြောပြပေးစေချင်ပါတယ်။

ဖြေ-  အများပြည်သူကို အကျိုးပြုနိုင်မည့် ခွဲစိတ်အထူးကုဆရာဝန်တစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားသွားပါ မယ်။ မောင်လေး၊ ညီမလေးတွေကို တိုက်တွန်းချင်တာကတော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပညာသင်ယူမှု၊ လေ့လာသင်ကြားမှုတွေကို မရပ်တံ့လိုက်ပါနဲ့ နားမလည်တာ၊ မသိတာများရှိခဲ့ရင် ဆရာ၊ ဆရာမတွေကို ဆက်သွယ် မေးမြန်းပြီး အမြဲမပြတ် လေ့လာသင်ယူခြင်းအားဖြင့် ဘာသာစုံဂုဏ်ထူးများဖြင့် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း အကြံပြုတိုက်တွန်း လိုပါတယ်။

တွေ့ဆုံမေးမြန်း- နှင်းယုဝေ(ပြန်/ဆက်)