ကဝမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ကဝ ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ   အောင်စာရင်းများအား ပညာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ရာ ကဝမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ကဝ)၊ အ.ထ.က (အုန်းနှဲ)နှင့် အ.ထ.က (သက္ကလ)၊ စာစစ်စင်တာ(၃)ခုခွဲ၍ ဖြေဆိုခဲ့သည်။

အဆိုပါ စာစစ်စင်တာ(၃)ခုတွင် ဝင်ရောက်ဖြေဆိုကြသော ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၇၆)ဦးရှိပြီး၊ ဖြေဆိုအောင်မြင်သူ (၃၇၉)ဦးရှိကြောင်း၊ အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် (၄၈.၈၄) ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်မြင်သူများတွင် သုံးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၉)ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် (၁၅၃)ဦး၊ စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူ (၁၆၅)ဦးရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)