ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ကျင်းပ

ဘားအံ ဇွန် ၁၇ 

ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို  အသိပညာပေးဟောပြောပွဲနှင့်  နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဦးစောအယ်လင်းက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးသုံးစွဲရသည့်အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို  အကျယ်တဝင့်ဟောပြောခဲံ့ကြောင်း သိရှိရသည်။

ထို့နောက်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ ကျောင်းသား/ကျောင်းသူများ လေ့လာမှတ်သားကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)