သနပ်ပင် ဇွန် ၁၇
၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများအား ပညာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ရာ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (သနပ်ပင်) နှင့်အ.ထ.က (ကမာစဲ) စာစစ်စင်တာ (၂)ခုခွဲ၍ဖြေဆိုခဲ့ပါသည်။
စင်တာ(၂)ခုတွင် ဝင်ရောက်ဖြေဆိုကြသော ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၃၄၂)ဦးဖြေဆိုရာ အောင်မြင်သူ (၁၉၀)ဦးရှိကြောင်း အောင်မြင်မှု ရာခိုင်နှုန်းအနေဖြင့် (၅၅.၅၆ )ရှိကြောင်း ပညာရေးဌာနမှ သိရသည်။
အဆိုပါအောင်မြင်သူများတွင် (၃)ဘာသာဂုဏ်ထူးရရှိသူ(၅)ဦး၊ (၂)ဘာသာဂုဏ်ထူး ရရှိသူ(၁၀)၊ (၁)ဘာသာဂုဏ်ထူးရှိသူ (၆၉)ဦး၊ ဂုဏ်ထူးရကျောင်းသား/သူ စုစုပေါင်း (၈၄)ဦး ရှိကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)