ပဲခူး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့ တိုင်းအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပိုက်ကျော်ခြင်းဝါသနာရှင်များက လာရောက်ကြည့်ရှု အားပေးကြသည်။
(၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်တွင် ရွှေတောင်မြို့နယ်အသင်းက အုတ်တွင်းမြို့နယ်အသင်းအား လည်ကောင်း၊ (၃)ယောက်တွဲ ဗိုလ်လုပွဲစဉ်တွင် နတ်တလင်းမြို့နယ် အသင်းက ပေါင်းတည်မြို့နယ်အသင်းအား လည်းကောင်း အသီးသီးအနိုင်ရရှိသွားခဲ့သည်။
ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ (၂)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆု (၁)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်တင့် က (၃)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆု (၁)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် က လည်းကောင်း (၂)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော အုတ်တွင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၃)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ် က လည်းကောင်း၊ (၃)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ပဲခူးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၅)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက လည်းကောင်း (၂)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အုတ်ဖိုမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၇)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး က လည်းကောင်း (၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ပေါင်းတည်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၇)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ က လည်းကောင်း၊ ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ငွေ ကျပ်(၁၀)သိန်း၊ (၂)ယောက်တွဲပြိုင်ပွဲတွင် ပထဆုရရှိသော ရွှေတောင်မြို့နယ်အသင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော နတ်တလင်းမြို့နယ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ပထမဆုဖလားနှင့် ငွေသားဆု (၁၀)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)