ဟုမ္မလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ   

ဟုမ္မလင်း ဇွန် ၁၇                       

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က ဟုမ္မလင်းမြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာန(၆)ခု ဖြစ်သည့် အထက(၁)၊ ဟုမ္မလင်း၊ ဟုမ္မလင်းမြို့နယ်  အထက-ကက်သာ၊ အထက-မောင်းခမ်း၊ အထက-ထမံသီ၊ အထက- ရွှေပြည်အေး၊ အထက၊ သောင်သွပ်ကျောင်း တို့တွင် ကပ်နှံထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ လာရောက် ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။ 

ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၆)ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၃၃၁)ဦး ဝင်ရောက်ဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူ (၅၆၂)အောင်မြင်ကာ တစ်ဘာသာ ဂုဏ်ထူးရှင်(၁၄၁)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၈၅)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင်(၆၉)ဦး၊ လေးဘာဂုဏ်ထူးရှင်(၅)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၂၆၂)ဦးရှိကြောင်းနှင့် အောင်ချက် ရာခိုင်နှုန်းမှာ ၄၂.၂၂ ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။  

လင်းလင်း (ပြန်/ဆက်)