ရွှေတောင် ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် စတင်ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက်ပိုင်း (၆) နာရီက မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင် စတင်ထုတ်ပြန် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းထုတ် ပြန်ရာတွင် ရွှေတောင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၇၆၁)ဦး ဝင်ရောက် ဖြေဆိုကြပြီး အောင်မြင်သူ (၃၅၁) ယောက်ရှိကာ အောင်မြင်မှု (၄၆. ၁၂) ရာခိုင်နှုန်းရှိပြီး (၄)ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၂)ဘာသာ (၁၁) ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၁၆) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)