အင်္ဂပူ ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အင်္ဂပူမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ယနေ့ နံနက်(၆)နာရီအချိန်တွင် ထုတ်ပြန်ကြေညာခဲ့ရာ စာမေးပွဲအောင်မြင်သူ (၅၄.၇၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အနေဖြင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၆)ခုတွင် ကျောင်းသား/သူ (၁၄၇၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၈၀၅)ဦး ရှိပြီး အောင်ချက်ရာခိုင်နှုန်း (၅၄.၇၂) ဖြစ်သည်။ (၁) ဘာသာဂုဏ်ထူး(၂၅၃)ဦး၊ (၂)ဘာသာဂုဏ်ထူး (၁၀၂)ဦး၊ (၃)ဘာသာဂုဏ်ထူး(၁၅၅)ဦး၊ (၄)ဘာသာ ဂုဏ်ထူး(၁၃)ဦး (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး ၊(၆)ဘာသာဂုဏ်ထူးရှင်(၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၂၅)ဦး ဂုဏ်ထူးရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)