ပွင့်ဖြူ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုစာရင်းရှိ ကျောင်းသားဦးရေ စုစုပေါင်း ၁၂၀၆ ဦး ရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၁၄၆ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရကာ ယနေ့နံနက်ပိုင်းက အောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား ၁၄၉ ဦး၊ ကျောင်းသူ ၃၃၄ ဦး ၊ စုစုပေါင်း ၄၈၃ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း၊ ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်းအနေဖြင့် ၄၂ ဒသမ ၁၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်မှုအနေဖြင့် ငါးဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၆ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၁၁ ဦး ရှိပြီး ရိုးရိုးအောင်မြင်သူ ၂၅၈ ဦး ဖြေဆို အောင်မြင်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)