သဲကုန်း ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက် (၆)နာရီမှ စတင်ကာ ထုတ်ပြန်လျက်ရှိရာ သဲကုန်းမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။
သဲကုန်းမြို့နယ်ရှိ စာစစ်ဌာန (၅) ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀၆) ဦး ဝင်ရောက်ဖြေဆိုကာ အောင်မြင်သူ(၄၁၂)ဦး ရှိသည်။ သဲကုန်းမြို့နယ်တွင် ငါးဘာသာဂုဏ်ထူးရှင် (၂) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၄)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၃၁) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၄၀.၉၅)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)