ငပုတောမြို့နယ်အတွင်း၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ စုစုပေါင်း (၁၁၅၅)ဦးရှိ

ငပုတော ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့နှင့် ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၄)ခု၌ ကျောင်းတွင်းစာဖြေသူဦးရေ (၁၆၉၈)ဦး၊ ပြင်ပဖြေဆိုသူဦးရေ စုစုပေါင်း (၄၅၄)ဦးရှိသည်။ ငပုတောမြို့နယ်တွင် စာစစ်ဌာန(၁၄)ခု၌ စုစုပေါင်း စာဖြေသူဦးရေ (၂၁၅၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ (၁၁၅၅)ဦးရှိသည့်အနက် (၅)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၇ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၁၃၃ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၁၂၁ ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် ၃၄၅ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ကျင်အေးထံမှ သိရသည်။

အောင်သူ(ပြန်/ဆက်)