ရွှေသောင်ယံ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၅၉)ဦးရှိခဲ့ရာ (၃၀)ဦး အောင်မြင်ခဲ့ကြ၍ အောင်မြင်မှုရာခိုင်နှုန်း (၅၀.၈၃) ရရှိခဲ့ကြောင်း သိရသည်။
အထက(ရွှေသောင်ယံ) စာစစ်ဌာနတွင် အ-ထ-က ရွှေသောင်ယံမှ ကျောင်းသား၊ ကျောင်းသူ (၁၃)ဦး ဖြေဆိုရာ အောင်မြင်သူ(၇)ဦး၊ အ-ထ-က(အုန်းချောင်း)မှ (၂၀)ဦးဖြေဆိုရာ အောင်မြင်သူ(၉)ဦး၊ အ-ထ-က(သပေါ့ကန်)မှ (၂၀)ဦး ဖြေဆိုရာ အောင်မြင်သူ(၉)ဦး၊ ပြင်ပဖြေ (၆)ဦး ဖြေဆိုရာ အောင်မြင်သူ(၅)ဦး စသည်ဖြင့် အသီသီးအောင်မြင်ခဲ့ကြပြီး (၃)ဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၂၀)ဦး ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အ-ထ-က(ရွှေသောင်ယံ) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၉)ဦး ဖြေဆိုခဲ့၍ (၃၀)ဦး အောင်မြင်ကာ (၂၃)ဦး ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သောကြောင့် အောင်ချက်ရာခိုင်နှုန်း မြင့်မားလျက်ရှိကြောင်း သိရသည်။
ကိုကိုမောင်