ရွှေဘိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း (၄၄.၆၂%)ရှိ​ကြောင်းသိရ​

ရွှေဘို ဇွန် ၁၇

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို ယနေ့တွင် ထုတ်ပြန်ရာ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး​ ရွှေဘိုမြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း (၄၄.၆၂%)ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ရွှေဘိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အထက(၂)စာစစ်ဌာနတွင် ဖြေဆိုသူပေါင်း ၆၈၈ ဦးရှိရာ အောင်မြင်သူ ၃၀၇ဦးရှိကြောင်း သိရပြီး  ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၈၃ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၀၁ ဦးရှိ​ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို​ ရွှေဘိုမြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပြန်ကြေညာပေးထားကြောင်း၊​​အေးချမ်း​ပျော်ရွှင်စွာ လာ​ရောက်ကြည့်ရှု့နိုင်​ရေး​ ဆောင်ရွက်ထား​ကြောင်း သိရသည်။                  

ခရိုင် (ပြန်/ဆက်)