ဘိုကလေးမြို့နယ်တွင် (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း (၄၈.၄၅) ရာခိုင်နှုန်းရှိ

ဘိုကလေး ဇွန် ၁၇

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအား စာစစ်ဌာနများနှင့် Online စာမျက်နှာများတွင် ယနေ့နံနက်၌ စတင်ထုတ်ပြန်ကြေငြာရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ရာခိုင်နှုန်း (၄၈.၄၅)ရာခိုင်နှုန်းရှိပြီး ဘိုကလေးမြို့နယ် စာစစ်ဌာနများ၌ အောင်စာရင်းထုတ်ပြန်မှုအား ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ လာရောက်ကြည့်ရှုလျက်ရှိသည်။

ဘိုကလေးမြို့နယ်အနေဖြင့် အဆိုပါ (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုသူ (၁၈၃၅)ဦးရှိပြီး အောင်မြင်သူ (၈၈၉)ဦးရှိကြောင်း၊ (၆)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁)ဦး၊ (၅)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂)ဦး၊ (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၇)ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၅၉)ဦး၊ (၂)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၆၁)ဦး၊ (၁)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂၁၆)ဦးရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်(ဘိုကလေး)