ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစ၍ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီမှချိန်မှစ၍ ပြည်ကြီးမဏ္ဍိုင်မြို့စာစစ်ဌာနတွင် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်စာစစ်ဌာနတွင် ၂၀၂၂ ခုနှစ်၊ ကတ္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုသူ ကျောင်းဖြေ (၅၁)တစ်ဦးတွင် အောင်မြင်သူ(၂၃)ဦး၊ ပြင်ပဝင်ရောက်ဖြေဆိုသူ (၁၉) ဦးတွင် အောင်မြင်သူ(၁၁)ဦး၊ စုစုပေါင်း (၃၄) ဦးရှိကြောင်း၊ အောင်မြင်သူများ၌ ဇီဝဗေဒ ဘာသာ ဂုတ်ထူးရှင် (၁)ဦး ၊ မြန်မာဘာသာ ဂုတ်ထူးရှင်(၁)ဦး၊ ဘောဂဗေဒ ဘာသာဂုတ်ထူးရှင် (၇)ဦး နှင့် ရိုးရိုးအောင်မြင်သူ (၂၅)ဦးဖြစ်ကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ (၄၈.၅၇) ရာခိုင်နှုန်းရှိကြောင်း(အ.ထ.က) ပြည်ကြီးမဏ္ဍိုင်၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်သန်းမြိုင်ထံမှ သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)