မြဝတီ ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကိုမြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့နံနက်ပိုင်းကစတင်၍ အခြေခံ ပညာကျောင်းများ၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Websiteမှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံ ပညာ ကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
မြဝတီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ကျောင်းတွင်း ဖြေဆိုသူကျား(၁၇၈)ဦး၊ မ(၂၆၇)ဦးစုစုပေါင်း (၄၄၅)ဦး ဖြေဆိုမှုတွင် အောင်မြင်သူ ကျား(၄၈)ဦး၊ မ(၁၀၉)ဦး စုစုပေါင်း(၁၅၇)ဦး ဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်းအားဖြင့် (၃၅.၂၈)ဖြစ်ပြီး ပြင်ပမှ ဖြေဆိုသူ ကျား(၆၁)ဦး၊ မ(၉၁)ဦးစုစုပေါင်း(၁၅၂)ဦးအနက်မှ ကျား(၂၄)ဦး၊မ(၄၆)ဦးစုစုပေါင်း (၇၀) ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ပြင်ပဖြေဆိုသူ အောင်ချက်ရာခိုင်နှုန်း(၄၆.၀၅)ဖြစ်သည်။
၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် မြဝတီမြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ဝင်ရောက်ဖြေဆိုသူ ကျား(၂၃၉)ဦး၊ မ(၃၅၈)ဦး စုစုပေါင်း(၅၉၇)ရှိပြီး အောင်မြင်သူ ကျား(၇၂)ဦး၊ မ(၁၅၅)ဦးစုစုပေါင်း (၂၂၇)ဦး အနက်မှ တစ်ဘာသာဂုဏ်ထူးရှင်(၄၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ သုံးဘာသာ ဂုဏ်ထူရှင်(၆)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁)ဦးစုစုပေါင်း (၅၂)ဂုဏ်ထူးရဘာသာဖြင့်အောင်မြင်ခဲ့ကြပြီး အောင်ချက်ရာခိုင်နှုန်း အားဖြင့်(၃၈.၀၂)ရရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)