ပြည် ဇွန် ၁၇
နိုင်ငံတစ်ဝန်း၌ ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားရှိသော ၂၀၂၂- ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများစာရင်းတွင် ပြည်မြို့နယ် စာစစ်ဌာများမှ ၇၁၉ ဦး အောင်မြင်ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် (၁)ဦးထွက်ပေါ်ကာ စုစုပေါင်း ၂၇၈ ဦး ဂုဏ်ထူးများ အသီးသီးရရှိအောင်မြင်ကြောင်း သိရသည်။
၂၀၂၂- ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ အထက(၁)၊ အထက(၄)၊ အထက(၅)၊ အထက (ဝက်ထီးကန်)နှင့် အထက(ပေါင်းတလည်)အစရှိသည့် စာစစ်ဌာနငါးခု၌ စာရင်းရှိ ၁၆၅၆ ဦးတွင် ဝင်ရောက်ဖြေဆိုသူ ၁၅၃၅ ဦးအနက် ၇၁၉ ဦး အောင်မြင်ပြီး ခြောက်ဘာသာ(ဘာသာစုံ) ဂုဏ်ထူးရှင် (၁)ဦးထွက်ပေါ်ကာ ငါးဘာသာ(၃)ဦး၊ လေးဘာသာ(၃)ဦး၊ သုံးဘာသာ (၂၀)ဦး၊ နှစ်ဘာသာ(၂၅)ဦးနှင့် တစ်ဘာသာ(၂၂၆)ဦး စုစုပေါင်း (၂၇၈)ဦး ဂုဏ်ထူးများအသီးသီးရရှိ အောင်မြင်ကြောင်းနှင့် မြို့နယ်ချုပ်အနေဖြင့် အောင်မြင်မှုရာခိုင်နှုန်း (၄၆ ဒသမ ၈၄) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)