ငရုတ်ကောင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ စာစစ်ဌာနတွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုအောင်စာရင်းများကို ယနေ့နံနက် ၄နာရီအချိန်တွင် ထုတ်ပြန် ကြေငြာခဲ့ကြောင်းသိရသည်။
ငရုတ်ကောင်းမြို့စာစစ်ဌာနတွင်၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၉၂)ဦးရှိကာ အောင်မြင်သူ (၄၅)ဦးရှိ၍ (၃)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၄၈.၉၁) ရှိကြောင်း ငရုတ်ကောင်းစာစစ်ဌာနမှ သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)