သရက်ချောင်း ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အသေးစားလူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးဟန်ဇော်ထွန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများ နှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဟန်ဇော်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က သင်တန်းတက်ရောက်လာသော သင်တန်း သား/သင်တန်းသူများအား သင်တန်းမှ သင်ကြားပို့ချပေးလိုက်သောသင်ခန်းစာများအားလက်တွေ့အသုံးချ၍ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြများကိုယ်စား သင်တန်းနည်းပြဆရာမ ဒေါ်ရီရီလွင်က သင်တန်းကာလတွင်သင်ကြားပို့ချခဲ့သော လက်ဆေးရည်၊ မီးပူ တိုက်ရည်၊ ရေချိုးဆပ်ပြာရည်၊ မှန်ကြည် ဆေးရည်၊ ဆပ်ပြာခရမ်း၊ လျှော်မွေး၊ ပန်ကန်ဆေးရည်၊ အဝတ်လျှော်ရည်၊ ဆပ်ပြာ၊ ဖယောင်း၊ လက်သန့်ဆေးရည် စသည့်တို့ဖော်စပ်ထုတ်လုပ်နည်းများကို သင်တန်း
သား/သင်တန်းသူများအနေဖြင့် မိမိကျေးရွာတွင်ဆင့်ပွားသင်တန်းများပို့ချနိုင် ကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်နည်းပြများနှင့် သင်တန်းသား/သင်တန်းသားများအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးအခမ်း အနားရုတ်သိမ်းခဲ့ကြောင်းသိရသည်။
အခမ်းအနားအပြီးတွင်သင်တန်းကာလအတွင်း သင်တန်းသူ/သားများဖော်စပ်ထုတ်လုပ်ခဲ့သော လက်ဆေးရည်၊ မီးပူတိုက်ရည်၊ ရေချိုးဆပ်ပြာရည်၊ မှန်ကြည်ဆေးရည်၊ ဆပ်ပြာခရမ်း၊ လျှော်မွေး၊ ပန်ကန်ဆေးရည်၊ အဝတ်လျှော်ရည်၊ ဆပ်ပြာ၊ ဖယောင်း၊ လက်သန့်ဆေးရည် တို့ကို တာဝန် ရှိသူများက လှည့်လှည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အသေးစားလူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းများကို နောက်လတွေမှာလည်း ဖွင့်လှစ်ရန်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
သားကြီး(သရက်ချောင်း)