ဂန့်ဂေါ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းအား ယနေ့နံနက်ပိုင်းက အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ အောင်စာရင်းကပ်၍ ထုတ်ပြန် ကြေညာခဲ့သည်။
အ.ထ.က(ဂန့်ဂေါ)စာဖြေဌာနတွင် ဖြေဆိုအောင်မြင်မှုနှင့်စပ်လျဉ်း၍ “ကျား ၃၅၊ မ ၅၀ စုစုပေါင်း ၈၅ ဦးဖြေဆိုခဲ့ပါတယ်၊ အောင်မြင်မှုကတော့ ကျား ၉၊ မ ၂၇၊ စုစုပေါင်း ၃၆ ဦးအောင်မြင်ခဲ့ ပါတယ်၊ ဂုဏ်ထူးထွက်တာကတော့ ၄ ဘာသာဂုဏ်ထူး (၁)ဦး၊ ၃ ဘာသာဂုဏ်ထူး (၇)ဦး၊ ၂ ဘာသာ ဂုဏ်ထူး (၃)ဦးနဲ့ ၁ ဘာသာဂုဏ်ထူး (၉)ဦး၊ စုစုပေါင်း (၂၀)ဦး ဂုဏ်ထူးထွက်ခဲ့ပြီး ၄၂ ဒသမ ၃၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်”ဟု အ.ထ.က (ဂန့်ဂေါ)ကျောင်းအုပ်ဆရာကြီးက ပြောသည်။
ဂန့်ဂေါမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၂၆၃)ဦး အနက်မှ (၁၀၆)ဦးအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၄၀ ဒသမ ၃၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထင်အောင်နိုင် (ဂန့်ဂေါ)