ပန်းတနော် ဇွန် ၁၇
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်း၌ ထုတ်ပြန်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် (၄၄.၀၄) ရာခိုင်နှုန်းဖြေဆို အောင်မြင်ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၁၃၉၂) ဦးရှိရာ စာမေးပွဲအောင်မြင်သူ (၆၁၃)ဦး ရာခိုင်နှုန်းအနေဖြင့် (၄၄.၀၄)ရှိပြီး ငါးဘာသာဂုဏ်ထူး (၁)ဦး၊ လေးဘာသာဂုဏ်ထူး (၇)ဦး၊ သုံးဘာသာဂုဏ်ထူး (၁၀၇)ဦး၊ နှစ်ဘာသာ ဂုဏ်ထူး (၁၀၅)ဦး၊ တစ်ဘာသာဂုဏ်ထူး (၁၅၇)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၃၆)ဦးတို့ ရှိကြောင်း ပန်းတနော်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)