ကျုံပျော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ရာ ကျောင်းသား၊ ကျောင်းသူ (၆၁၇)ဦး ဖြေဆိုအောင်မြင်

ကျုံပျော် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်က မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတို့တွင် ထုတ်ပြန်ကြေငြာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၆၁၇)ဦး ‌ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

 အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၀)ခုဖြင့် စစ်ဆေးခဲ့ပြီး ကျောင်းသား(၄၆၁) ဦး၊ ကျောင်းသူ (၆၂၇) ဦး၊ စုစုပေါင်း(၁၀၈၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကာ (၆၁၇)ဦး အောင်မြင်ခဲ့ပြီး၊ အောင်ချက်ရာနှုန်း (၅၆.၇၁%) ရရှိခဲ့ကြောင်း သိရသည်။

ဂုဏ်ထူးရရှိမှု အနေဖြင့် (၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၅၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၉၈)ဦးနှင့် (၁)ဘာသာ ဂုဏ်ထူးရှင်(၁၆၂)ဦး၊ ဂုဏ်ထူးရှင် စုစုပေါင်း (၄၅၀) ဦးထွက်ရှိခဲ့ကာ၊ ဂုဏ်ထူးလုံးရေ (၉၇၇)ခု ရရှိခဲ့ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူများ ထဲတွင်လည်း ကျုံပျော်မြို့၊ ယောနသံကိုယ်ပိုင် အထက်တန်းကျောင်းမှ အပ(၁၂၅၆) မစုဝတ်ရည်ဇော်က ရမှတ်(၅၀၃)မှတ်ဖြင့် ဒုတိယနေရာ ရရှိခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)