ကျောက်ကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ်တွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများအား ထုတ်ပြန်ကြေညာ

ကျောက်ကြီး ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၆ နာရီတွင် ၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများအား ထုတ်ပြန်ကြေညာခဲ့သည်။

(၂၀၂၁-၂၀၂၂ ) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထက ကျောက်ကြီး စာစစ်ဌာန၊ အထက မုန်း စာစစ်ဌာန၊ အထက နတ်သံကွင်း စာစစ်ဌာန စုစုပေါင်း စာစစ်ဌာန (၃)ခု တို့၌ ကျောင်းအတွင်း ဝင်ရောက်ဖြေဆိုသူနှင့် ပြင်ပမှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း (၈၇၃) ဦး ဝင်ရောက်ဖြေဆို၍ (၃၈၂)ဦး အောင်မြင်မှုရရှိပြီး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ (၁၃၀) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရရှိသူ (၂၂) ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူ (၁၉) ဦးရှိကြောင်း  ၂၀၂၂ ပညာသင်နှစ်အတွက် ကျောက်ကြီးမြို့နယ်အတွင်း အောင်ချက်ရာခိုင်နှုန်းမှာ (၄၃.၇၆) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

မြို့နယ်ပြန်/ဆက်