ကော့ကရိတ်မြို့တွင် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး​ဟော​ပြောပွဲနှင့်နံရံ ကပ်စာ​စောင်ပြသ

​ကော့ကရိတ် ဇွန် ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၂ခုနှစ်ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယ​နေ့နံနက်(၁၀)နာရီက ​ကော့ကရိတ်မြို့အထက(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင်ကျောင်းအုပ်ဆရာမကြီး​​ ​ဒေါ်တင်တင်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးရွှေက မူးယစ်ဆေးဝါးအမျိုးအစား၊ မူးယစ်ဆေးဝါးသုံးစွဲ သူရဲ့လက္ခဏာနှင့်စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဆိုးကျိုးတို့အားလည်း​ကောင်း ခရိုင်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်ခင်​လေးနွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက်စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် လူငယ်နှင့်အကျင့်စာရိတ္တ ခေါင်း စဉ်ဖြင့် လည်းကောင်း၊  အသိပညာ​ပေးဟောပြော ဆွေးနွေးကြသည်။

ထို့နောက် ခရိုင်ပြန်ဆက်ဦးစီးဌာနမှပြသထာသော မူးယစ်ဆေးဝါးအန္တရယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ   စိတ်ဝင်စားစွာကြည့်ရှုကြ​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)