ကြာအင်းဆိပ်ကြီး ဇွန် ၁၇
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့မှ (၁၅) ရက်နေ့အထိ ဘားအံမြို့ရှိ အောင်သံလွင်ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၌ ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကစားပြီး နိုင်ပွဲများရရှိကာ နောက်ဆုံးအဆင့်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ရာ ဗိုလ်လုပွဲတွင် လှိုင်းဘွဲမြို့နယ်ဘောလုံသင်းနှင့်တွေ့ဆုံပြီး ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းအချိန်က အောင်သံလွင်ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားရာမှ ပွဲချိန် မိနစ် ၉၀ တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်သာထွက်ရှိပြီး အချိန်ပိုမိနစ် ၃၀ ဖြင့် ပြိုင်ပွဲအားဆက်လက်ယှဉ်ပြိုင်ကစားရာ တစ်ဖက်တစ်ဂိုးစီသာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ထပ်မံသရေကျခြင်းကြောင့် အနိုင်အရှံးပယ်နယ်တီဂိုးကန်သွင်းခြင်းဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားကြပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းက လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းအား(၄) ဂိုး၊ (၃)ဂိုးဖြင့်အနိုင်ရရှိပြီး ဖလားရရှိဗိုလ်စွဲခဲ့ကြောင်းသိရသည်။
အဆိုပါမြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ယူဗိုလ်စွဲပြီး ဆုဖလားရယူနိုင်ခဲ့သည့် မြို့နယ်ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြအုပ်ချုပ်သူများ အသင်းတာဝန်ရှိသူများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ သိပ္ပံလမ်းရှိ မြို့မဘောလုံးအားကစားကွင်း အရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတဝန်ရှိသူများနှင့်ဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ကြိုဆိုဂုဏ်ပြုအားပေးချီးမြှောက်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး