ကျိုက်ဒုံမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

ကျိုက်ဒုံ ဇွန် ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်စာမေးပွဲအောင်စာရင်းကို(အ.ထ.က)ကျိုက်ဒုံ စာစစ်ဌာနတွင် ယနေ့နံနက် ၆ နာရီက ထုတ်ပြန်ထားသည်။

ကျိုက်ဒုံမြို့(အ.ထ.က)စာစစ်ဌာနတွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူ ကျောင်းသား(၆၀)ဦး၊ ကျောင်းသူ(၆၁)ဦး စုစုပေါင်းဖြေဆိုသူ (၁၂၁)ဦးအနက်၊အောင်မြင်သူ ကျောင်းသား(၉)ဉီး၊ ကျောင်းသူ(၂၆)ဉီး စုစုပေါင်း အောင်မြင်သူ (၃၅) ဉီးဖြစ်ပြီး တစ်ဘာသာဂုဏ်ထူး ရှင်(၇)ဉီး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆)ဉီး၊ သုံးဘာသာဂုဏ်ထူးရှင်(၂)ဉီး ရာခိုင်နှုန်းအားဖြင့်(၂၈.၉၂)% အောင်မြင်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)