ကြာအင်းဆိပ်ကြီး ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့က နိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာနများ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများမှ မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဝင်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၏ အဖြေလွှာများအား အောင်စာရင်းများအား အချိန်မီထုတ်ပြန်ပေးနိုင်စေရေးအတွက် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစစစ်ဌာနမှ စာစစ်ဌာန များဖွင့်လှစ်ပြီး အဖြေလွှာများကို စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများအား စစ်ဆေးဆောင်ရွက်ပြီး၍ ဖြေဆိုအောင်မြင်သည့် ကျောင်းသား ကျောင်း သူများ၏ အောင်စာရင်းများကို ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ်များရှိ ပညာရေး မှူးရုံးများနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ စာစစ်ဌာန ၃ ခု၊ ဖွင့်လှစ်ပြီးကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျေင်းသူ စုစုပေါင်း(၇၄၀)ဦးမှ ဖြေဆိုရန်စာရင်းတင်သွင်းခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၆၆၀)ဦးမှ ဝင်ရောက်ဖြေဆိုခဲ့ရာ ယနေ့နံနက်ပိုင်းအချိန်က တက္ကသိုလ်ဝင်တန်း အောင်စာရင်းများအား ထုတ်ပြန်ပေးခဲ့ရာ ကြအင်းဆိပ်ကြီးမြို့နယ်စာစစ်ဌာနသုံးခုမှ ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၃၄) ဦး၊ ဖြေဆိုအောင်မြင်ခဲ့ပြီး မြို့နယ်တွင်း အောင်ချက်ရာခိုင်နှုန်း (၅၀•၆၀%) ရာခိုင် နှုန်းရှိကြောင်း သိရသည်။
မျိုးမင်းဦး