ကလိန်အောင်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ စာရင်းထုတ်ပြန်ကြေညာ

ကလိန်အောင် ဇွန် ၁၇

၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှစ၍ ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်မှစ၍ တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင်ထုတ် ပြန်ကြေညာသကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အ-ထ-က၊ ကလိန်အောင်ကျောင်း စာစစ်ဌာန(၁)ခုတွင်ကြော်ငြာသင်ပုန်းများတွင်လည်း ကပ်ထားကြေညာပေးထားရာ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ကလိန်အောင်မြို့တွင် စာစစ်ဌာနတစ်ခုရှိပြီး ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ဝင်ရောက်ဖြေသူ အ-ထ-က၊ ကလိန်အောင်စာစစ်ဌာနတွင်‌ ကျောင်းအတွင်းဖြေဆိုသူ ကျောင်းသား(၁၃)ဦးနှင့် ကျောင်းသူ(၂၁)ဦး ပေါင်း(၃၄)ဦးနှင့် ပြင်ပဖြေဆိုသူပေါင်း (၁ဝ)ဦး စုစုပေါင်းဖြေဆိုသူ(၄၄)ဦးဖြေဆိုရာ (၁၂)ဦး အောင်မြင်ပြီးတစ်ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ ရာခိုင်နှုန်းအားဖြင့်(၂၇.၂၇)ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)