ရွှေတောင်မြို့နယ်၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂) ဒုတိယနေ့ ဆက်လက်သင်တန်းပို့ချ

ရွှေတောင် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community centre) ခန်း၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂) ဒုတိယနေ့ သင်ခန်းစာများ ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။

ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဒုတိယနေ့တွင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးအောင်ကျော်ကျော်မှ ကြက်ခြေနီအခြေခံမူ (၇) ချက်ရှင်း လင်းခြင်း၊ ကြက်ခြေနီအမှတ်အသားနှင့် အသုံးပြုပုံ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တပ်ခွဲမှူး ဦးမင်းသူမှ ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုပုံအဆင့်ဆင့်တို့ကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)