ဗန်းမောက်မြို့၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

ဗန်းမောက် ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.ကကျောင်းတွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယနေ့ နံနက်(၆)နာရီ အချိန်မှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာဖြေဌာန(၁)ခုဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ(၄၉၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၁၉၀)ဦး ဖြေဆိုအောင်မြင်ကြောင်း၊ ‌အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၃၈.၀၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)