ဆိပ်ဖြူ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီအချိန်က တက္ကသိုလ်ဝင်စာဖြေဌာန အသီးသီးနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာပေးသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၃)ခုဖြင့်ကျင်းပပြုလုပ်ခဲ့ရာ ဖြေဆိုရန်စာရင်းရှိ (၄၉၇) ဦး ရှိသည့်အနက်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၂၀) ဦး ဖြေဆိုခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ (၁၃၇) ဦးရှိကြောင်း အောင်မြင်မှုရာခိုင်နှုန်း ၃၂ ဒဿမ ၆၂ ရှိကြောင်း၊ ဘာသာရပ်အသီးသီးတွင် ထူးချွန်စွာအောင်မြင်သူ ကျောင်းသား/ကျောင်းသူ ၅၂ ဦး ရှိပြီး၊ ငါးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၂) ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင်(၅) ဦး ၊နှစ်ဘာသာ ဂုဏ်ထူးရှင်(၅) ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၃၉) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ၂၀၂၂ခုနှစ် တက္ကသိုဝင်စာမေးပွဲအောင်စာရင်းကို ကျောင်းသား၊ ကျောင်းသူများ၏ မိဘပြည်သူများ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများ လာရောက်ကြည့်ရှုကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)