၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

မြို့သစ် ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-ခုနှစ် တက္ကသိုလ် ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးဝန်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကပ်ထား ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် စာစစ်ဌာန(၃)ခုဖြင့် ၂၀၂၂-ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်း ပပြုလုပ်ခဲ့ရာ စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၈၆၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ရိုးရိုးအောင်မြင်သူ(၁၉၅) ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ(၈၈) ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ(၁၀) ဦးနှင့် သုံးဘာသာဂုဏ်ထူးရရှိသူ(၁၁) ဦး၊ စုစုပေါင်းအောင်မြင်သူ(၃၀၄) ဦး အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့်(၃၅ ဒသမ ၂၃) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)