ဝေါ ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့၊ နံနက် (၆) နာရီအချိန်တွင် ထုတ်ပြန်ကြေညာခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ(၃၈ ဒသမ ၂၃ ) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ဝေါမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၃) ခု၌ ကျောင်းသား၊ ကျောင်းသူ (၇၅၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၂၈၉) ဦးရှိပြီး၊ အောင်ချက်ရာခိုင်နှုန်း (၃၈ ဒသမ ၂၃) ရာခိုင်နှုန်းရှိကာ (၁) ဘာသာ ဂုဏ်ထူး (၁၀၈) ဦး၊ (၂) ဘာသာဂုဏ်ထူး (၉) ဦး၊ (၃) ဘာသာဂုဏ်ထူး (၂) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၁၉) ဦး ဂုဏ်ထူးရရှိခဲ့ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
စိုးမိုး(ပြန်/ဆက်)