သရက် ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှု အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီက သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် အောင်စာရင်းများ ထုတ်ပြန်ထားရာ ရာနှုန်းအားဖြင့် ၄၁.၆၂% အောင်မြင်ခဲ့ကြောင်း သိရသည်။
သရက်မြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုသူ ကျောင်းသား(၃၂၅) ဦး၊ ကျောင်းသူ (၄၂၇) ဦး၊ စုစုပေါင်း (၇၅၂)ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး ကျောင်းသား (၁၁၂) ဦး၊ ကျောင်းသူ (၂၀၁) ဦး၊ စုစုပေါင်း (၃၁၃) ဦး အောင်မြင်၍ ရာနှုန်းအားဖြင့် (၄၁.၆၂%) အောင်မြင်ခဲ့သည်။ အဆိုပါ အောင်မြင်သူများတွင် ဂုဏ်ထူးဖြင့် (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် (၈) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁၄၃) ဦး ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်ပြန်/ဆက်